Duration 5:29

နမောတေ ဂါထာတော် (နေမင်းပရိတ် ) ( လမင်းပရိတ် ) တော်

73 135 watched
0
1.1 K
Published 17 Aug 2019

ဤဂါထာသည်​ သဂါထာဝဂ္ဂသံယုတ်​ပါဠိ​တော်​၊​ ဒေ၀ပုတ္တသံယုတ်​၊စန္ဒိမသုတ်​၌ လနတ်​သားမှ ဘုရားရှင်​အား၊ ​လျှောက်​ထားသည့်​ညဂါထာနှင့်​ ၊ ရာဟု အသူရိန်​ကို၊ဘုရားရှင်​​ဟောကြား​တော်​မူ​သော၊ဂါထာဖြစ်​​လေသည်​။ ဒုက္ခ၀င်္ကပါမှ လွတ်မြောက်စေသော ဂါထာဖြစ်သည် ။ မိမိတို့ဇာတာ၌ လဂ်​ စန်း တနင်္ဂ​နွေ တို့အ​ပေါ်​ကောဇာပါပဂြိုဟ်​တို့ စီးသည့်​မြင်​သည့်​အခါ ဤဂါထာ သုံးပုဒ်​ကို တစ်​ပုဒ်​ပုတီးတစ်​ပတ်​နှုန်းဖြင့်​ ဘုရားရှိခိုးပူ​ဇော်​သင့်​ပါသည် ။ - ဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်နေရခြင်း ၊ လွတ်လမ်းမမြင် ၊ ထွက်ပေါက်မရှိ ၊ အကျဉ်းအကျပ်တွေ့နေရခြင်း ၊ အချုပ်​အ​နှောင်​ခံရခြင်း​မှ လွတ်​​မြောက်​​စေနိုင်​ခြင်း၊ ရင်​ဆိုင်​ကြုံ​တွေ့​နေရ​သော စီးပွား​ရေး​ငွေ​ကြေးအကြပ်​အတည်းများမှ လွတ်​​မြောက်​​စေနိုင်​ခြင်း၊ ​နေရာထိုင်​ခင်း အိုးအိမ်​ အခက်​ခဲမှလွတ်​​မြောက်​​စေနိုင်​ခြင်း၊ အိုးပိုင်​အိမ်​ပိုင်​ ရရှိခြင်း၊​လျောကျ​နေ​သောရာထူးများပြန်​လည်​ရရှိ ရာထူးတိုးတက်​ခြင်း စသည့်​ ​ကောင်းကျိုးချမ်းသာများရရှိမည်​ဖြစ်​​လေသည်​။ အနှောင့်အဖွဲ့ ခံနေရခြင်းတို့အတွက် အဓိဠာန် ရွတ်ဆိုပူဇော်ပါ ။

Category

Show more

Comments - 22